Tuesday, November 13, 2007

စစ်သားတယောက်ရဲ့ဘ၀ပုံပြင်.


စစ်သားတယောက်ရဲ့ဘ၀ပုံပြင်.
ဗီယက်နမ်နဲ့ စစ်ပွဲပြီးတော့ အမေရိကန်စစ်သား တစ်ဦးက ဆန်ဖရမ်စစ္စကိုကနေ မိဘအိမ်ကို ဖုန်းဆက်ပြီး “ဖေဖေနဲ့မေမေ သားပြန်လာပြီ၊ သားနဲ့အတူ သူငယ်ချင်းတစ်ယောက်လဲ ပါခဲ့တယ်။ သူ့ကိုလည်း အိမ်ခေါ်ခဲ့မယ်နော်” လို့ ပြောတော့ မိဘတွေက ခေါ်ခဲ့ဖို့ သဘောတူလိုက်တယ်။

စစ်သားက ဆက်ပြီး “ဒါပေမဲ့ သားသူငယ်ချင်းအကြောင်း ကြိုပြောထားချင်တယ်။ စစ်ပွဲမှာ သူအကြီးအကျယ် ဒဏ်ရာရခဲ့တယ်။ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်။ သူ့မှာ သွားစရာ၊ နေစရာ မရှိလို့ သားနဲ့ အတူလိုက်နေမှာဖြစ်တယ်”
“ ၀မ်းနည်းပါတယ်သား။ သူ့အတွက် တစ်ခြားနေရာမှာနေဖို့ ဖေဖေတို့ စီစဉ်ပေးလို့ရတယ်လေ”
“မဟုတ်ဘူး ဖေဖေ၊ သူ့ကို သားနဲ့ပဲ အတူနေစေချင်တာပါ”
“သား.. သားဘာတွေပြောနေသလဲဆိုတာ သားကိုယ်သား သိလား။ ဒီလို ဒုက္ခိတ တစ်ယောက်က ဖေဖေတို့နဲ့ အတူနေရင် ဖေဖေတို့ကို တာဝန်ပိုစေတယ်သိလား။ ဖေဖေတို့လဲ စားဝတ်နေရေးအတွက် ရုန်းကန်ရဦးမယ်။ သူ့ကြောင့်ဝန်ပိုတွေ မဖြစ်စေချင်ဘူး။ သားအရင်ပြန်လာခဲ့ နောက်ပြီး သူ့ကိုမေ့လိုက် သူ့လမ်း သူသွားလိုက်မယ်”

အဖေ့စကားကြားတော့ စစ်သားလေးဟာ စိတ်မကောင်းဖြစ်ပြီး ဖုန်းချလိုက်တယ်။ အဲဒီနောက်မှာ သူ့ရဲ့သတင်း အစအနကို မရခဲ့တော့ပါဘူး။ ရက်အနည်းငယ်ကြာတော့ ဆန်ဖရမ်စစ္စကို ရဲစခန်းက ဖုန်းကို သူမိဘတွေက လက်ခံရရှိခဲ့တယ်။ သတင်းက သူတို့သားလေး တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ အကြောင်းဖြစ်တယ်။ သူသတ်မှု မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေက ကောက်ချက်ချပါတယ်။

မိဘတွေက စိတ်မကောင်းစွာနဲ့ပဲ ဆန်ဖရမ်စစ္စကို လိုက်သွားခဲ့တယ်။ သားရဲ့အလောင်းကိုတွေ့တော့ သားမှာ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် မရှိတာကို အံ့သြစွာ သူတို့တွေ့လိုက်ရတယ်။

ပုံပြင်ထဲက မိဘနှစ်ပါးဟာ ကျွန်တော်တို့တတွေလိုပါပဲ။ အင်္ဂါစုံညီပြီး ရူပါကာ လှပသူတွေကိုသာ ချစ်ခင်နှစ်သက်ချင်ကြတယ်။ ကိုယ့်ကို အဆင်မပြေမှုတွေ ပေးမယ်လို့ ထင်တဲ့လူ၊ ကိုယ့်လို လှုပ်ရှားဖို့ ခက်တဲ့လူတွေကို ကျတော့ သဘောမတွေ့ကြဘူး။ ကိုယ့်လောက် မကျန်းမာ မသန်စွမ်းတဲ့လူ၊ ကိုယ့်လောက် မတော်မထက်တဲ့လူနဲ့ ကိုယ့်လောက် ရုပ်ရည်မပြေပြစ်တဲ့လူကို ခပ်ဝေးဝေးက ရှောင်ချင်ကြတယ်။ ဒါပေမဲ့ တစ်ချို့လူတွေက မပစ်ပယ်တတ်ကြပါဘူး။ ကိုယ်ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ သူတို့က နစ်နစ်နာနာနဲ့ ချစ်ကြတယ်။ ဂရုစိုက်ကြတယ်။ လူရာသွင်းကြတယ်။

......အဲဒီလိုပါ ပဲ... စစ်သားမှမဟုတ်... အခြားသော သူများတွေရဲ့ ဒီလိုမျိုး ဒုက္ခိတအဖြစ်အပျက်လေးကို တွေ့ရင်... အပေါင်းအသင်း မလုပ်ခြင်တာ... လူတောထဲမ၀င်ခြင်တာာ...တွေကိုဖေးမကူညီနိုင်ပါစေလို့....
...ဆုတောင်းရင်း... မသန်သော်လည်းစွမ်းပါသေးတယ် ဆိုသူတွေရဲ့ ဘ၀လေးတွေကို နှစ်သိမ့်ပေးနိုင်ကြပါစေ....

မိသားစုဝက်ဆိုဒ်မှဖော်ပြခြင်းဖြစ်ပါသည်

ကျင့်ကြံနေထိုင်







Thursday, November 8, 2007

:)



သေသေချာချာလေးကြည့်




ဒီပုံလေးကိုသေသေချာချာကြည့်ပေးပါ

Saturday, September 1, 2007

အူမ မတောင့်လည်းသီလစောင့်ပါ


အူမတောင့်မှ သီလစောင့်မှာ
ဒီစကားလေးတစ်ခွန်းကို ကျွန်တော်က ဒီလိုလေးပြင်ရေးချင်ပါတယ် ........

သီလစောင့်မှ အူမတောင့်မှာ . . . . . အူမ မတောင့်လည်း သီလစောင့် ပါ မိတ်ဆွေ ။

ပင်လယ်နှစ်ခု နှင့်တူသော လူ နှစ်မျိုး နှစ်စား

ပင်လယ်နှစ်ခု နှင့်တူသော လူ နှစ်မျိုး နှစ်စား

ပါလက်စတိုင်းတွင် ပင်လယ်နှစ်ခုရှိပါတယ်။ ထိုပင်လယ်နှစ်ခုသည်အလွန်ခြားနားပါသည်။
တစ်ခုကို ဂလီလီး ပင်လယ်ဟု ခေါ်ပါသည်။ ထိုပင်လယ်မှာရေကန်ကြီးတစ်ခုဖြစ်ပြီးသောက်
သုံးနိုင်သော ရေကောင်းရေသန့် ဖြင့် ပြည့်နေပါသည်။ ငါးတွေလူတွေ ထိုပင်လယ်ထဲ ကူး
နိုင်ပါတယ်။ စိမ်းလန်းသော လယ်ကွင်းများ ဖြင့် ၀န်းရံထားပြီး ပင်လယ်အနီးတွင်လူများက
နေအိမ်များဆောက်လုပ်ထားပါသသည်။
ရေပေါများသော နောက်ပင်လယ်တခုကို ပင်လယ်သေ ဟုခေါ်ပါသည်။ ထိုပင်လယ်မှာ အ
မည်နှင့်လိုက်အောင် တကယ်သေနေပါသည်။ ထိုပင်လယ်နှင့်ပက်သက်သမျှအားလုံး သေ
နေပါသည်။ရေမှာငန်လွန်းသဖြင့် သောက်ကြည့်လျှင်ပင် ကျန်းမာရေးထိခိုက်နိုင်ပါ သည် ။
ငါးတွေလည်းမနေနိုင် ကမ်းခြေတလျောက် ဘာမှမဖြစ်ထွန်း အပင်ပေါက်ရောက်မှုမရှိ နှစ်
မြို့ စရာမရှိ ပေ ။ ခရီးသွားလျှင်ပင် အတတ်နိုင်ဆုံး သူ့ ကိုရှောင်ကွင်းသွားကြသည်။

ထိုပင်လယ် နှစ်ခု ထူးခြားချက်မှာပင်လယ်နှစ်ခုတွင်းရှိ ရေအားလုံးသည် ဂျော်ဒန် မြစ်တစ်ခု
တည်း မှ စီးဝင်ခြင်းဖြစ်သည်။ ဘာကြောင့် ပင်လယ်နှစ်ခု မတူညီဘဲ ခြားနားနေတာလဲ ?

ဂလီလီး ပင်လယ်သည် ဂျော်ဒန်မြစ်မှ စီးဝင်လာသော ရေများကို လက်ခံပြီး သူသည် ထိုရေ
များကိုသိမ်းဆည်းမထားဘဲ အခြားလူများ သုံးစွဲရန်အတွက် စွန့် လွှတ် ပြီး ဆက်လက်စီးဆင်း
စေပါတယ် ။

ပင်လယ်သေ မှာမူ ဂလီလီး ပင်လယ်လိုမဟုတ် သူ့ ထံစီးဝင်လာသော ဂျော်ဒန်မြစ်မှရေများ
ကို တစ်ကိုယ်ကောင်းဆန်ဆန် သူ့ အတွက်သာ သိမ်းဆည်းထားသည်။ စီးဆင်းမှု မရှိဘဲ
သေနေပါသည်။ သူသည် ယူသာ ယူပြီး စွန့် လွှတ်မှု မရှိပါ။

ပါလက်စတိုင်းတွင် ပင်လယ်နှစ်ခုရှိသလို လူတွင်လည်း နှစ်မျိုးနှစ်စားရှိပါတယ်..........
သင်ဘယ်လို လူစားမျိုးထဲမှာ ပါသလဲ ?

Sunday, August 26, 2007

Therory လေးတစ်ခု

သီအိုရီလေးတစ်ခု


lolvenerequestion